Why choose Medeze?

Medeze Stem Cell သည် သင့်အတွက် မိသားစုတစ်ခုလုံး၏ ပင်မဆဲလ်များအား အသက်အရွယ်မရွေးသိမ်းဆည်းခြင်းကို ပြုလုပ်နိုင်သော အဆုံးစွန်ဆုံးသော အကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်သည်။

MEDEZE Stem Cell သည် နှစ်ပေါင်းများစွာကပင် မိသားစုများ၏ ပင်မဆဲလ်များကို အကောင်းဆုံးအဖြစ် ဖြည့်ဆည်းပေးနိုင်ရန် နောက်ဆုံးပေါ်နည်းပညာများ အသုံးပြုခဲ့သည့်အတွက် ပင်မဆဲလ်နည်းပညာဖွံ့ဖြိုးတိုးတက်မှုတွင် အများထက် ရှေ့ဆုံးမှဦးဆောင်ခဲ့ပါသည်။

ကျွန်ုပ်တို့သည် နိုင်ငံတကာတွင်ကျော်ကြားသော ပင်မဆဲလ်ကုသမှု ဆရာဝန်ကြီးများဖြင့် ဖွဲ့စည်းထားပါသည်။ ပင်မဆဲလ်ဖြင့်ပြန်လည်ကုသမှု၊ သုတေသနပြုမှုများတွင်လည်း Foundation for the Accreditation of Cellular Therapy (FACT) ၊ ထိုင်းနိုင်ငံဆေးကောင်စီ နှင့် နိုင်ငံတကာ ဆေးပညာကျင့်ဝတ်များ နှင့်အညီ ပြုလုပ်ပါသည်။

ကျွန်ုပ်တို့၏ စွမ်းဆောင်ရည်မြင့်မားသော သုတေသနများကြောင့်လည်း ပင်မဆဲလ်ပြန်လည်ကုသမှု၊ စမ်းသပ်ကုသမှုများအတွက် အဆင့်မြင့်ပင်မဆဲလ်နည်းပညာများရှိနေပြီး နောက်ဆုံးပေါ် ဖွံ့ဖြိုးလာမှုများကိုလည်း အချိန်နှင့်တပြေးညီ ဆောင်ရွက်ပေးသွားပါမည်။ အရည်အသွေးပြည့် ဆေးပညာရှင်ကြီးများဖြင့် ကျွန်ုပ်တို့၏အစုအဖွဲ့သည် နိုင်ငံတကာအဆင့်မီဝန်ဆောင်မှုများကို မပြတ်မလပ် ဖြည့်ဆည်းပေးနိုင်ရန် မနားမနေကြိုးပမ်းပေးနေပါသည်။

ကျွန်ုပ်တို့၏ အဖွဲ့အကြောင်းနှင့် အရည်အချင်းများကို လေ့လာရန်၊ ပိုမိုဖတ်ရှုလေ့လာရန် နှိပ်ပါ။

About

Frequently asked questions

ပိုမိုကျန်းမာသော သင့်ဘဝခရီးလမ်းကို စတင်ရာမှာ လွယ်ကူစေရန်အမေးများသောမေးခွန်းများနှင့်အဖြေများကို အောက်တွင်စုစည်းပေးထားပါသည်။

Learn more

Our branches

သင့်ကျန်းမာရေးခရီးလမ်းကို အမြန်လျှောက်လှမ်းနိုင်ရန် ဆက်သွယ်လိုပါက အနီးဆုံးဆေးခန်းကို ရှာဖွေရန် ဤနေရာတွင် လမ်းညွှန်ထားပါသည်။

Clinics near you

Accreditations

Medeze Stem Cell သည် စည်းမျဉ်းချိုးဖောက်ခြင်း၊ လေးစားလိုက်နာမှုမရှိခြင်း သို့မဟုတ် ဆင့်ခေါ်ခံရခြင်း လုံးဝမရှိဘူးပါ။ ကျွန်တော်များ ဓာတ်ခွဲခန်းသည် National Environmental Balancing Bureau (NEBB) နှင့် ISO 9001: 2015 တို့မှ အသိအမှတ်ပြုသော လုပ်ငန်းအဆင့်အတန်းများထက်ပင် သာလွန်ပါသည်။ ထပ်ပြီးဖြည့်စွက်ရလျှင် ကျွန်တော်တို့ Clients များ၏ သိမ်းဆည်းထားသောဆဲလ်များကို ထိန်းညှိပတ်ဝန်းကျင်အခြေအနေတွင် ဘေးမသီရန်မခ၊ ကောင်းမွန်စွာ ရှိနေစေရန် လုံခြုံရေးအစီအမံများကိုလည်း ကျယ်ပြန့်စွာထားရှိပါသည်။

National Environmental Balancing Bureau

National Environmental Balancing Bureau

The National Environmental Balancing Bureau (NEBB) ဆိုသည်မှာ ၄င်း၏ အသိအမှတ်ပြုခြင်းခံရသော ကုမ္ပဏီများကို မြင့်မားသောအဆင့်အတန်း၊ အရည်အသွေးပြည့် အစီအစဉ်များနှင့် ဖော်ပြသည့်အတိုင်း လုပ်ဆောင်နိုင်စွမ်းများကို ထိန်းသိမ်းထားခြင်းရှိမရှိ သေချာစေရန်စိစစ်ပေးသည်။ MEDEZE Stem Cell သည် (၂၀၁၁) ခုနှစ် ကတည်းကပင် ပင်မဆဲလ်ဓာတ်ခွဲခန်းများအတွက် ရွှေအဆင့်သတ်မှတ်ချက် ဖြစ်သည့် Class-100 clean room အဆင့်အသိအမှတ်ပြုခြင်းကို ရရှိထားပြီးဖြစ်သည်။

International Organization for Standardization

International Organization for Standardization

ISO (International Organization for Standardization) အသိအမှတ်ပြုခြင်းက ကျွန်ုပ်တို့တွင် ကောင်းမွန်သော စာရွက်စာတမ်းစီမံမှုများ၊ အစီအမံများအတိုင်း လိုက်နာဆောင်ရွက်မှုများနှင့် customer စိတ်ကျေနပ်မှုရရှိခြင်းများကို ပြသနေသော ကမ္ဘာ့အဆင့် အရည်အသွေး အသိအမှတ်ပြုခြင်းပင်ဖြစ်သည်။ ကျွန်ုပ်တို့ MEDEZE Stem Cell သည် (၂၀၁၃) ခုနှစ် ကတည်းကပင် TUV Rheinland, Germany မှပေးအပ်သော ISO 9001:2015 ကို ရရှိထားသည်။

AABB

AABB

AABB (American Association of Blood Banks) သည် ငွေကြေးအကျိုးအမြတ် မယူသော နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ဆဲလ်ကုသမှုများ၊ သွေးသွင်းကုသမှုများ နှင့်သက်ဆိုင်သော ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများကို ကိုယ်စားပြုသည်။ AABB သည် အများနှင့်သက်ဆိုင်သော အချင်းသွေးဘဏ်များ နှင့် ပုဂ္ဂလိက အချင်းသွေးဘဏ်များအတွက် စံသတ်မှတ်ချက်များ ပြဌာန်းပေးခဲ့သည်မှာ နှစ်ပေါင်း (၂၀) တိုင်ခဲ့ပြီဖြစ်သည်။ ကျွန်ုပ်တို့ MEDEZE Stem Cell သည် AABB ၏ စံသတ်မှတ်ချက်များကို အပြည့်အဝ လိုက်နာပြီး ယခုအခါ AABB အသိအမှတ်ပြုခြင်းကို လက်ခံရရှိတော့မည်ဖြစ်သည်။

Change your language