World-class healthcare for a better future
Medeze Stem Cell တွင် သိမ်းဆည်းသိုလှောင်ထားသော သင်၏ ပင်မဆဲလ်များသည် သင့်အတွက် မည်မျှအရေးကြီးသည်ဆိုသည်ကို ကျွန်ုပ်တို့နားလည်သဘောပေါက်ပါသည်။ ကျွန်ုပ်တို့၏ အပတ်တကုတ် ကြိုးစားအားထုတ်မှုကြောင့် သင့်အား တစ်သက်တာ (သို့မဟုတ်) နှစ်ပေါင်း (၆၀) သိမ်းဆည်းခြင်းဝန်ဆောင်မှု နှင့် ပင်မဆဲလ်ပို့ဆောင်ပေးခြင်း ဝန်ဆောင်မှုကို ပေးစွမ်းနိုင်မည်ဖြစ်သည်။
အခြားသောပင်မဆဲလ်ဘဏ်များမှာ တစ်ရှူးကို သေချာစွာစစ်ဆေးခြင်း နှင့် ပွားများခြင်းမပြုလုပ်ဘဲ သိမ်းဆည်းသော်လည်း ကျွန်ုပ်တို့၏ ၄င်းတို့နှင့်မတူသောအချက်မှာ သင်၏ပင်မဆဲလ် အရည်အသွေး နှင့် အရေအတွက်ကို သေချာစွာ စစ်ဆေးပြီး ပင်မဆဲလ်အရေအတွက် အနည်းဆုံး (၁၀) သန်း အထိပွားများပြီးမှသာ သိမ်းဆည်းသိုလှောင်ခြင်းကိုပြုလုပ်ခြင်းဖြစ်သည်။ ဆိုလိုသည်မှာ အနာဂတ်တွင် အသုံးချနိုင်ရန်အတွက် သင့်ထံတွင် ပင်မဆဲလ်အရန်သင့် ရှိနေမည်ဖြစ်သည်။
သိမ်းဆည်းထားသော ပင်မဆဲလ်သည် သင်၏ကိုယ်ပိုင်ပင်မဆဲလ်ဖြစ်ကြောင်း အထောက်အထားကို ဓါတ်ပုံပါဝင်သော ပင်မဆဲလ်သိမ်းဆည်းခြင်းလက်မှတ်တွင် ဆဲလ်အရေအတွက်၊ ပင်မဆဲလ်အမျိုးအစား၊ ဆဲလ်အရည်အသွေး အစရှိသည်များကိုပါ ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။
သင့်ပင်မဆဲလ်များ၏ အရည်အသွေးကို စတင်သိမ်းဆည်းချိန်မှစ၍ နှစ်ပေါင်း (၃၀) အထိ အရည်အသွေးအာမခံချက်ကို ပေးအပ်ခြင်းဖြင့် သင့်အနာဂတ်ကျန်းမာရေးအတွက် ကျွန်ုပ်တို့၏ ကတိကဝတ်ကိုပြသခြင်းပင်ဖြစ်သည်။ လက်တွေ့တွင်ဖြစ်နိုင်ရန် ခဲယဉ်းသော်လည်း သင်၏ ပင်မဆဲလ်အရည်အသွေး ကျဆင်းခဲ့ပါက သင်ပေးအပ်ထားသော ဝန်ဆောင်ခ၏ (၁၀) ဆကို ပြန်လည်ပေးလျော်သွားမည်ဖြစ်သည်။
Why choose Medeze?
Medeze Stem Cell သည် သင့်အတွက် မိသားစုတစ်ခုလုံး၏ ပင်မဆဲလ်များအား အသက်အရွယ်မရွေးသိမ်းဆည်းခြင်းကို ပြုလုပ်နိုင်သော အဆုံးစွန်ဆုံးသော အကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်သည်။
Learn more