or
What is Adipose tissue?
အဆီတစ်ရှူးကို ခန္ဓာကိုယ်၏ မလိုအပ်သော အစိတ်အပိုင်းဟု သိရှိထားကြပြီး အရေပြားအောက်၊ ကိုယ်တွင်းအင်္ဂါများ တစ်ဝိုက်၊ အရိုး နှင့် ရင်အုံများတွင် တွေ့ရှိရသည်။ ခန္ဓာကိုယ်တွင်း အဆီပိုများ များပြားနေခြင်းကြောင့် အသက်အန္တရာယ်ကို ဒုက္ခပေးနိုင်သည့် ရောဂါများ ဖြစ်သည့် ဆီးချို၊ သွေးချိုရောဂါ နှင့် နှလုံးရောဂါများကဲ့သို့သော ရောဂါများ ဖြစ်ပွားနိုင်ချေနှင့် စပ်ဆက်နေသည်။ အဆီတစ်ရှူးတွင် Mesenchymal Stem Cells (MSCs) တစ်ရှူးပင်မဆဲလ်များ မယုံကြည်နိုင်လောက်အောင် များပြားစွာပါဝင်နေသည်။
Mesenchymal Stem Cells (တစ်ရှူးပင်မဆဲလ်များ) ၏ ထူးခြားသော အချက်မှာ ဘက်စုံသုံးနိုင်ခြင်းဖြစ်သည်။ အဓိပ္ပာယ်မှာ တစ်ရှူးပုံစံမျိုးစုံအဖြစ်သို့ အသွင်ကူးပြောင်းနိုင်ပြီး အဆစ်အမြစ်၊ အသည်း၊ အရိုး၊ အာရုံကြော နှင့် နှလုံး အစရှိသည့် အစိတ်အပိုင်းများ ပျက်စီးယိုယွင်းခြင်းတို့ကို ပြန်လည်ပြုပြင်ရာတွင် လွန်စွာအသုံးဝင်သည်။
How do we use Adipose tissue?
Medeze Stem Cell သည် အမာရွတ်ကင်းစင်ပြီး နာကျင်မှု အလျဉ်းမရှိသော မူပိုင်နည်းပညာကို အသုံးပြု၍ ပင်မဆဲလ်ထုတ်ယူကာ သိမ်းဆည်းပေးခြင်းကို ပြုလုပ်ပါသည်။ ထိုသို့ သိမ်းဆည်းထားခြင်းအားဖြင့် ဆေးဘက်ဆိုင်ရာ နှင့် ခန္ဓာကိုယ်ပြန်လည်ပြုပြင်တည်ဆောက်ခြင်းဆိုင်ရာ ကုသမှုများတွင် ပြန်လည်အသုံးချနိုင်မည်ဖြစ်သည်။ သင့်အနေဖြင့် ပင်မဆဲလ်များကို အသုံးပြုကုသရန် လိုအပ်ပါက ပြန်လည်ထုတ်ယူခ ထပ်မံပေးစရာ မလိုအပ်ပေ။
သင်၏ ကိုယ်ပိုင်ပင်မဆဲလ်များကို သင်ကိုယ်တိုင်အသုံးပြုခြင်းကြောင့် ကုသမှုပြုလုပ်ရာတွင် ဆဲလ်မတူညီခြင်းကြောင့် ဖြစ်ပွားသော နောက်ဆက်တွဲဆိုးကျိုးများ မရှိတော့ပေ။ အခြားသူများ၏ ဆဲလ်များကို အသုံးပြုအစားထိုးကုသရာတွင် သင်၏ခန္ဓာကိုယ် နှင့်ကိုက်ညီသည့် ဆဲလ်ကို လိုက်လံရှာဖွေရခြင်းသည် ရှုပ်ထွေးပြီးအချိန်ကြာမြင့်ခြင်းကြောင့် ယခုအခါ ထိုကဲ့သို့ အခက်အခဲများ မရှိတော့ဘဲ သင်၏ အဖိုးတန်လှသော အချိန် နှင့် အင်အားကို ချွေတာနိုင်မည်ဖြစ်သည်။
Why choose Medeze?
Medeze Stem Cell သည် သင့်အတွက် မိသားစုတစ်ခုလုံး၏ ပင်မဆဲလ်များအား အသက်အရွယ်မရွေးသိမ်းဆည်းခြင်းကို ပြုလုပ်နိုင်သော အဆုံးစွန်ဆုံးသော အကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်သည်။
Learn more