Painless. Safe. Effortless.
သင်၏ ပင်မဆဲလ်လိုအပ်ချက်ကို ဖြည့်စွမ်းပေးနိုင်ရန်အတွက် Medeze Stem Cell သည် မူပိုင်နည်းပညာကို ဖန်တီးထားပြီး ကျွန်ုပ်တို့သည် နိုင်ငံတကာ အသိအမှတ်ပြုထားခြင်းများခံထားရသော ပင်မဆဲလ်ဘဏ်လည်းဖြစ်သည်။ ကျွန်ုပ်တို့သည် ပင်မဆဲလ်ရယူခြင်း နှင့် ပင်မဆဲလ်ပွားများခြင်းတို့တွင် ကျွမ်းကျင်ပိုင်နိုင်ခြင်းကြောင့် လုပ်ဆောင်မှုအဆင့်တိုင်းတွင် နာကျင်မှုမရှိခြင်း၊ အမာရွတ်မထင်ကျန်စေခြင်း နှင့် စိတ်ချရမှုရှိခြင်းတို့ကို အာမခံနိုင်ပါသည်။
Medeze Stem Cell သည် နိုင်ငံတကာအသိမှတ်ပြု ထောက်ခံချက်များရရှိထားပြီး မူပိုင်နည်းပညာကို အသုံးပြုသော သင့်ပင်မဆဲလ်များကို ရယူသိမ်းဆည်းပေးနိုင်သည့် ပင်မဆဲလ်ဘဏ်ဖြစ်သည်။ ပင်မဆဲလ်ရယူခြင်း နှင့် သိမ်းဆည်းသိုလှောင်ခြင်းတို့တွင် နာကျင်မှု နှင့် အမာရွတ် အလျဉ်းမရှိစေဘဲ ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များက လုပ်ဆောင်ပေးမည်ဖြစ်သည်။
ကျွန်ုပ်တို့ Medeze Stem Cell တွင် ပင်မဆဲလ်အမျိုးအစား (၂) မျိုးကို အဓိကထား ရယူ သိမ်းဆည်းသိုလှောင်ပေးခြင်းကို ဆောင်ရွက်ပေးပါသည်။ ပထမအမျိုးအစားမှာ Haematopoietic Stem Cells (HSCs)- သွေးပင်မဆဲလ်ဖြစ်ပြီး ရင်သွေးငယ်မွေးဖွားစဉ်တွင် အချင်းကြိုး/ချက်ကြိုးသွေးမှတဆင့် ရယူသိမ်းဆည်းနိုင်ကာ ဒုတိယအမျိုးအစားမှာ Mesenchymal Stem Cells (MSCs) – တစ်ရှူးပင်မဆဲလ်ဖြစ်ပြီး ရင်သွေးငယ်မွေးဖွားစဉ်တွင် အချင်းတစ်ရှူး/ချက်ကြိုးတစ်ရှူးမှတဆင့် ရယူသိမ်းဆည်းနိုင်သည့်အပြင် သင့်ခန္ဓာကိုယ်၏ မလိုအပ်သော အဆီပိုတစ်ရှူးမှတဆင့် ရယူသိမ်းဆည်းနိုင်ပါသည်။
HSCs- သွေးပင်မဆဲလ်များသည် ခန္ဓာကိုယ်တွင်း သွေးဆဲလ်အသစ်များဖြစ်ပေါ်စေရန် အထောက်အကူ ပေးနိုင်သည့်အတွက် သွေးရောဂါများ နှင့် ခန္ဓာကိုယ် ကိုယ်ခံအားပိုင်းဆိုင်ရာ ရောဂါများကုသရန်အတွက် အသုံးဝင်သည်။ လတ်တလောတွင် သွေးပင်မဆဲလ်များကို မပွားများနိုင်သေးသော်လည်း အသက်အန္တရာယ်ကိုခြိမ်းခြောက်နိုင်သော ရောဂါများကို ကုသရန်အတွက် ရှားပါးပင်မဆဲလ်အဖြစ် အသုံးဝင်ပါသည်။
MSCs- တစ်ရှူးပင်မဆဲလ်များသည် ခန္ဓာကိုယ်တွင်းရှိ မည်သည့်ဆဲလ်အမျိုးအစားသို့မဆို ပြောင်းလဲနိုင်သည့် အထူးဆဲလ်များဖြစ်ပြီး အရေအတွက်မြောက်များစွာ ပွားများနိုင်စွမ်းရှိသည်။ တစ်ရှူးပင်မဆဲလ်များသည် ရာပေါင်းများစွာသောရောဂါများကို ကုသရာတွင် သော့ချက်ဖြစ်ပြီး အလှအပဆိုင်ရာနှင့် ပျက်စီးသွားသော ဆဲလ်များကို ပြန်လည်ဖြည့်တင်းပေးခြင်းများတွင်လည်း အသုံးချနိုင်သည်။
Why choose Medeze?
Medeze Stem Cell သည် သင့်အတွက် မိသားစုတစ်ခုလုံး၏ ပင်မဆဲလ်များအား အသက်အရွယ်မရွေးသိမ်းဆည်းခြင်းကို ပြုလုပ်နိုင်သော အဆုံးစွန်ဆုံးသော အကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်သည်။
Learn moreFor you
သင်၏ ကိုယ်ပိုင်ပင်မဆဲလ်များကို ရယူသိမ်းဆည်းကာ သိုလှောင်ထားချင်သည် ဆိုပါကလည်း ကျွန်ုပ်တို့သည် သင့်ခန္ဓာကိုယ်၏ မလိုအပ်သော အဆီပိုမှတဆင့် နာကျင်မှု နှင့် အမာရွတ် အလျဉ်းမရှိစေဘဲ ရယူသိမ်းဆည်းသိုလှောင်ပေးပါသည်။
For your baby
သင့်ရင်သွေးငယ်၏ အနာဂတ်ကျန်းမာရေးအတွက် ရင်းနှီးမြှုပ်နှံလိုက်ပါ။ ကျွန်ုပ်တို့်သည် သင့်ရင်သွေးငယ်မွေးဖွားစဉ်တွင် ပင်မဆဲလ်များကို အချင်းသွေး နှင့် အချင်းတစ်ရှူးများမှ ရယူနိုင်ရန် စီစဉ်ဆောင်ရွက်ပေးသည်။