What is cord blood?

ရင်သွေးငယ်မွေးဖွားပြီးနောက် စွန့်ပစ်လေ့ရှိကြသော အချင်းနှင့် အချင်းကြိုး (ချက်ကြိုး)ထဲမှ ကျန်ရှိနေသောသွေးကို အချင်းသွေးဟုခေါ်ပြီး ထိုအချင်းသွေးထဲတွင် သွေးပင်မဆဲလ်များ ကြွယ်ဝစွာပါဝင်နေကြောင်း နှင့် ထိုဆဲလ်များသည် သွေးနီဥဆဲလ်များ၊ သွေးဖြူဥဆဲလ်များ နှင့် သွေးမွှားဆဲလ်များအဖြစ်သို့ ပြောင်းလဲနိုင်ကြောင်းကို နောက်ဆုံးပေါ်ဆေးပညာတွေ့ရှိချက်များက ဖော်ပြနေသည်။
မိဘများအနေဖြင့် သားသမီးများ၏ အချင်းသွေးပင်မဆဲလ်များကို သိမ်းဆည်းပေးခြင်းသည် သားသမီးများ၏ အနာဂတ်ကျန်းမာရေးအတွက် ရင်းနှီးမြှုပ်နှံမှုအဖြစ် စံနမူနာရွေးချယ်မှုတစ်ခုပင်ဖြစ်ပေမည်။

How do we use cord blood?

အချင်းသွေးပင်မဆဲလ်များကို ရင်သွေးငယ်မွေးဖွားပြီးသည်နှင့် တစ်ပြိုင်နက်တည်း ရယူရခြင်းဖြစ်သောကြောင့် ကြိုတင်ပြင်ဆင်မှုများပြုလုပ်ထားရန်လိုအပ်ပါသည်။
ကျွန်ုပ်တို့သည် မည်သည့်မွေးဖွားမှုမဆို (ရိုးရိုးမွေးဖွားခြင်း (သို့မဟုတ်) ခွဲစိတ်မွေးဖွားခြင်း) တို့တွင် ပင်မဆဲလ်ကို သန့်စင်စွာ ရယူနိုင်ရန် စီစဉ်ထားရှိပါသည်။သင်၏ ရင်သွေးငယ်မွေးဖွားစဉ် အခိုက်အတန့်လေးတွင်သာ သင့်ရင်သွေးငယ်၏ အနာဂတ်ကျန်းမာရေးရင်းနှီးမြှုပ်နှံမှုဖြစ်သည့် သွေးပင်မဆဲလ် နှင့် တစ်ရှူးပင်မဆဲလ်များကို ရယူသိမ်းဆည်းနိုင်မည်ဖြစ်သည်။

Why choose Medeze?

Medeze Stem Cell သည် သင့်အတွက် မိသားစုတစ်ခုလုံး၏ ပင်မဆဲလ်များအား အသက်အရွယ်မရွေးသိမ်းဆည်းခြင်းကို ပြုလုပ်နိုင်သော အဆုံးစွန်ဆုံးသော အကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်သည်။

Learn more

Your journey to wellness

ပိုမိုသက်ရှည် ကျန်းမာသော အနာဂတ်အတွက် ပထမဆုံးခြေလှမ်းကို စတင်လိုက်ပါ။

Begin here

or

Find your nearest clinic

သင့်ကျန်းမာရေးခရီးလမ်းကို အမြန်လျှောက်လှမ်းနိုင်ရန် ဆက်သွယ်လိုပါက အနီးဆုံးဆေးခန်းကို ရှာဖွေရန် ဤနေရာတွင် လမ်းညွှန်ထားပါသည်။

Clinics near you

Change your language