Frequently asked questions

Frequently asked questions

ပိုမိုကျန်းမာသော အနာဂတ်ဆီသို့ သင်၏ခရီးကို ပိုမိုလွယ်ကူစေရန်အတွက် ကျွန်ုပ်တို့၏မကြာခဏမေးလေ့ရှိသောမေးခွန်းများနှင့် ၎င်းတို့၏အဖြေများစာရင်းကို ပြုစုထားပါသည်။

1. ပိုမိုကျန်းမာသော အနာဂတ်ဆီသို့ သင်၏ခရီးကို ပိုမိုလွယ်ကူစေရန်အတွက် ကျွန်ုပ်တို့၏မကြာခဏမေးလေ့ရှိသောမေးခွန်းများနှင့် ၎င်းတို့၏အဖြေများစာရင်းကို ပြုစုထားပါသည်။

ကျွန်ုပ်တို့သည် သင့်ပင်မဆဲလ်၏ အရည်အသွေးကို နှစ်ပေါင်း (၃၀) အထိ အာမခံပေးပါသည်။ စာချုပ်တွင် ချုပ်ဆိုထားသည်ထက် အရည်အသွေး ကျဆင်းသွားပါက ပေးအပ်ထားသော Service Fee ၏ (၁၀) ဆ ပြန်လည် ပေးအပ်သွားပါမည်။

ကျွန်ုပ်တို့သည် သိမ်းဆည်းမှုတစ်ခုချင်းစီအတွက် လုံခြုံစိတ်ချရမှုရှိစေရန် Photo-certificate ကိုလည်း ပေးအပ်သွားပါမည်။ ကျွန်တော်တို့သည် ကမာ္ဘ့အဆင့်မီ သိမ်းဆည်းမှုနှင့် လုံခြုံရေးကိုဆောင်ရွက်ပေးပါသည်။

2. အရွယ်ရောက်ပြီးသူများရော ပင်မဆဲလ်ထုတ်ယူသိမ်းဆည်းလို့ ရနိုင်ပါသေးသလား။

ရပါသည်။ ခန္ဓာကိုယ်တွင် သဘာဝအလျောက်ပေါ်ပေါက်လာသော အဆီဆဲလ်များမှနေ၍ ကျွန်ုပ်တို့သည် ပင်မဆဲလ်သန်းပေါင်းများစွာထုတ်ယူပြီး သိမ်းဆည်းပေးနိုင်ပါသည်။

3. ပင်မဆဲလ် ရယူခြင်းသည် စိတ်ချရပါသလား၊ အန္တရာယ်ပေးနိုင်ပါသလား။

ပင်မဆဲလ်ရယူခြင်းသည် (၁၀၀) ရာခိုင်နှုန်း စိတ်ချရပြီး အန္တရာယ်မရှိပါ။ အမာရွတ်မကျန်သလို၊ နာကျင်မှုလည်း မရှိပါ။

4. မိခင်၊ ဖခင်လောင်း တစ်ယောက်အနေဖြင့် ကျွန်ုပ်တို့ရင်သွေးငယ်၏ အနာဂတ်ကျန်းမာရေးအတွက် ပင်မဆဲလ်သိမ်းဆည်းထားချင်ပါသည်။ မည်သို့လုပ်ဆောင်ရမည်နည်း။

အချင်းသွေး နှင့် အချင်းတစ်ရှူး/ချက်ကြိုးတစ်ရှူး များသည် မွေးဖွားချိန်တွင်သာရယူနိုင်ပါသည်။ ထိုနှစ်မျိုးစလုံးသည် သင့်ရင်သွေးငယ်၏ အနာဂတ် ကျန်းမာရေးအတွက် အဓိကရွေးချယ်သိမ်းဆည်းသင့်ပါသည်။

5. မည်သို့ စတင်ရမည်နည်း။

ပိုမိုကျန်းမာသော အနာဂတ်သစ်ဆီသို့ ယခုပင်လျှောက်လှမ်းပါ။ သင့်ခရီးလမ်းကို လျှောက်လှမ်းရန်ဆက်သွယ်ပါ။

6. ပင်မဆဲလ်ကုသမှုခံယူသောအခါ ခန္ဓာကိုယ်က လက်မခံသောကြောင့်ဖြစ်ပေါ်လာနိုင်သော ပြဿနာများ ရှိပါသလား။

ပင်မဆဲလ် ကုသမှုခံယူရာတွင် သင့်ကိုယ်ပိုင်ဆဲလ်များကို အသုံးပြုနေသောကြောင့် ဆဲလ်ကိုခန္ဓာကိုယ်က လက်မခံသည့် အခြေအနေများ မဖြစ်ပေါ်ပါ။ သင့်ခန္ဓာကိုယ်နှင့်ကိုက်ညီသော ဆဲလ်များ ရှာဖွေနေရန်လည်း မလိုအပ်သဖြင့် အချိန်ကုန်သက်သာသည်သာမက အင်အားထုတ်မှုသက်သာသည်။