or
What is the placenta?
သာမန်အားဖြင့် ရင်သွေးငယ်မွေးဖွားချိန်တွင် အချင်းနှင့် ချက်ကြိုးကိုစွန့်ပစ်လေ့ရှိကြသော်လည်း ထိုအချင်းတစ်ရှူးတွင် Wharton’s Jelly ဟုခေါ်သည့် ကျောက်ကျောကဲ့သို့သောအရာ၌ တစ်ရှူးပင်မဆဲလ်များ ကြွယ်ဝစွာပါဝင်နေသည်။ ထိုတစ်ရှူးပင်မဆဲလ်များသည် ခန္ဓာကိုယ်တွင်းရှိအခြားသော ဆဲလ်များအဖြစ်သို့ကူးပြောင်းရာတွင် အသုံးဝင်သည်။
အချင်းတစ်ရှူးပင်မဆဲလ်များကို ရင်သွေးငယ်မွေးဖွားစဉ် အခိုက်အတန့်လေးတွင်သာ ရယူနိုင်ခြင်းကြောင့် သင့်ရင်သွေးငယ်၏ အနာဂတ်ကျန်းမာရေး ရင်းနှီးမြှုပ်နှံမှုအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားရန်လိုအပ်ပါသည်။
How do we use the placenta?
အချင်းနှင့် ချက်ကြိုးကို ရင်သွေးငယ်မွေးဖွားစဉ်တွင် မိခင် နှင့် ရင်သွေးငယ်ကို အန္တရာယ်နှင့် နာကျင်ထိခိုက်မှုမဖြစ်စေဘဲ အလွယ်တကူ ရယူနိုင်ပါသည်။ ကျွန်ုပ်တို့၏ ပင်မဆဲလ်ထုတ်ယူခြင်းစနစ်သည် ပိုးမွှားကင်းစင်ပြီး သန့်ရှင်းသောဓါတ်ခွဲခန်းတွင် ပြုလုပ်ခြင်းကြောင့် ပိုးမွှားကူးစက်ခြင်းအန္တရာယ် မရှိနိုင်ကြောင်း အာမခံနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင် ပင်မဆဲလ်ထုတ်ယူခြင်းနည်းပညာသည် သင်၏ ပင်မဆဲလ်လိုအပ်မှုပမာဏ မည်မျှပင်ရှိစေကာမူ အရေအတွက် အကန့်အသတ်မရှိ ပေးစွမ်းနိုင်မည်ဖြစ်ပါသည်။
Why choose Medeze?
Medeze Stem Cell သည် သင့်အတွက် မိသားစုတစ်ခုလုံး၏ ပင်မဆဲလ်များအား အသက်အရွယ်မရွေးသိမ်းဆည်းခြင်းကို ပြုလုပ်နိုင်သော အဆုံးစွန်ဆုံးသော အကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်သည်။
Learn more