World-class facilities for Premium healthcare
ကျွန်ုပ်တို့၏ ဆေးသိပ္ပံပညာရပ်ပိုင်းဆိုင်ရာ နှင့် ကမာ္ဘ့အဆင့်မီ ကျန်းမာရေးဝန်ဆောင်မှုတွင် ထိပ်ဆုံးမှရပ်တည်နေခြင်းကို ထိန်းသိမ်းသည့်အနေဖြင့် ကျွန်ုပ်တို့သည် စက်ကိရိယာပိုင်းနှင့် ဓာတ်ခွဲခန်းအဆင့်အတန်းကို အမြင့်မားဆုံးဖြစ်အောင် အစဉ်အမြဲကြိုးပမ်းလျက်ရှိပါသည်။
ကျွန်ုပ်တို့၏ ဓာတ်ခွဲခန်းသည် နိုင်ငံတကာအဆင့်မီ ISO သန့်ရှင်းမှုအဆင့်အတန်း (၁၀၀) အပြည့်ရှိပြီး အခန်း၏ လေထုဖိအား၊ စိုထိုင်းဆ နှင့် အခန်းတွင်းအပူချိန်များကို စဉ်ဆက်မပြတ်တိုင်းတာခြင်းစနစ်ကို တပ်ဆင်ထားရှိသည်။ ကျွန်ုပ်တို့၏ ဓါတ်ခွဲခန်းသည် ပင်မဆဲလ်ကို သီးသန့်ခွဲထုတ်ခြင်း နှင့် သိမ်းဆည်းသိုလှောင်ခြင်းတို့အတွက် အလိုအလျောက်စနစ်သုံးစက်များကိုအသုံးပြုပါသည်။ (ထိုစက်သည် အချင်းသွေးထဲမှ (၉၉) ရာခိုင်နှုန်းသောပင်မဆဲလ်ကို ခွဲထုတ်နိုင်ပြီး ကမာ္ဘပေါ်တွင်အမြင့်မားဆုံးနှုန်းဖြစ်သည်) ထို့အပြင် ခေတ်မီအဆင့်မြင့် ဓာတ်ခွဲခန်းသုံး အချက်အလက်ထိန်းသိမ်းခြင်းစနစ်ကို သုံးစွဲခြင်းကြောင့် လူ့ကြောင့်ဖြစ်သောအမှားကို အလိုအလျောက် ဖယ်ရှားပြီးသားဖြစ်သည်။
ကျွန်ုပ်တို့၏ Cryopreservation စနစ်သည် နိုက်ထရိုဂျင်ငွေ့ရည်ကို အသုံးပြုခြင်းဖြင့် ပင်မဆဲလ် သိမ်းဆည်းသိုလှောင်ခြင်းအတိုင်းအတာကို မြှင့်တင်နိုင်ပြီး နိုက်ထရိုဂျင်ငွေ့ရည်သည် ပိုးမွှားကူးစက်ခြင်း (သို့မဟုတ်) ရောဂါပိုးကူးစက်ခြင်းကိုကာကွယ်ပေးနိုင်စွမ်းရှိသည်။ ဤနည်းပညာကို ဆေးဘက်ဆိုင်ရာသုံး စက်ပစ္စည်းညွှန်ကြားမှုဆိုင်ရာ ဥရောပသမဂ္ဂများအဖွဲ့အစည်းက အသိအမှတ်ပြုထားသည်။ ကျွန်ုပ်တို့၏ ပင်မဆဲလ်သိမ်းဆည်းသိုလှောင်ခန်းကို ထုထည်ကြီးမားသော ကွန်ကရစ်နံရံထူများ၊ မျက်နှာကျက်ထူများအပြင် (၃၀) စင်တီမီတာအထူရှိသည့် စတီး(လ်) တံခါးများဖြင့် ဖွဲ့စည်းထားပြီး မီးဘေးဒဏ်ကိုအလုံးစုံ အကာအကွယ်ပေးနိုင်ပါသည်။
Why choose Medeze?
MEDEZE GROUP သည် အသက်အရွယ်မရွေးရရှိနိုင်သော ဝန်ဆောင်မှုများဖြင့် မိသားစုတစ်ခုလုံးအတွက် ပင်မဆဲလ်ဘဏ်လုပ်ငန်းဝန်ဆောင်မှုများတွင် အဆုံးစွန်ရွေးချယ်မှုဖြစ်သည်။
Your journey to wellness
ပိုမိုသက်ရှည် ကျန်းမာသော အနာဂတ်အတွက် ပထမဆုံးခြေလှမ်းကို စတင်လိုက်ပါ။
Begin here
Contact us & schedule a visit
Clinics near you